Tuesday 4 September 2012

အဖွဲ.၀င်အားလုံးသိစေရန်


                                '' ဆည်းလည်းလေးများ '' အွန်လိုင်းပရဟိတအသင်
- အသင်းကိုစတင် တည်ထောင်ချိန်ဖြစ်၍ အသင်းအတွက် အလှူငွေကောက်ခံပုံကို နှစ်မျိုးထပ်မံခွဲထားပါ
  သည်။ ၎င်းတို.မှာ အောက်ပါအတိုင်းဖြစ်သည်။
  ၁- မြန်မာနိုင်ငံတွင်ရှိသော အသင်းမှအဖွဲ.၀င်များအားလုံးအား တစ်လလျှင် ကျပ်ငွေ- ၃၀၀၀ထောင်နှုန်း
       ဖြင့် လစဉ်အလှူငွေ ကောက်ခံပါမည်။
  ၂- နိုင်ငံခြားတွင်ရှိနေသော (မည်သည့်နိုင်ငံတွင်မဆို) အသင်းမှအဖွဲ.၀င်များအားလုံးအား တစ်လလျှင်
       မလေးရှားရင်းဂစ်ငွေ RM-30 နှုန်းဖြင့် လစဉ် ကောက်ခံပါမည်။
     (မလေးရှားတွင်မဟုတ်သော အဖွဲ.၀င်များအတွက် သက်ဆိုင်ရာနိုင်ငံများ၏ငွေဈေးများကိုတွက်ချက်၍
      ဆိုဒ်တွင်ဖော်ပြပေးသွားပါမည်။)
- အလှူငွေကောက်ခံနှုန်းများကို လိုအပ်ပါက လျော့ချ (သို.) တိုးမြှင့်သွားရန်ရှိပါသည်။ အလှူငွေကောက်ခံ
  နှုန်းအပြောင်းအလဲရှိပါက အဖွဲ.၀င်များအားလုံးသို. မေးလ်ပို.အကြောင်းကြားမည်ဖြစ်သလို အသင်းဝက်ဘ်
  ဆိုဒ်တွင်လဲ ဖော်ပြသွားမည်ဖြစ်သည်။
- အသင်း၏ လုပ်ဆောင်ချက်များ ပိုမိုအားကောင်းလာစေရန်အတွက် အဖွဲ.၀င်များအားလုံးမှ မန်ဘာများ၊အ
  လှူရှင်များပေါ်ထွက်လာရေးအတွက် တိုက်တွန်းနိုးဆော်ပေးရန်။
  (အတင်းအဓမ္မတိုက်တွန်းလှုံ.ဆော်မူများ မပြုလုပ်ရန် တားမြစ်ပါသည်။)
- အလှူရှင်များပေါ်ပေါက်လာပါက သက်ဆိုင်ရာ ဒေသနိုင်ငံကိုယ်စားလှယ်မှ အမည်၊ နေရပ်လိပ်စာ၊ ငွေ
  ကြေးပမာဏတို.ကို သေချာစွာ တာဝန်ယူလက်ခံထားရှိရမည်၊
  (အချက်အလက်များအား တာဝန်ရှိသူသို.၂၄နာရီအတွင်း မေးလ်ပို.ပေးရမည်၊)
-မန်ဘာအသစ်လျှောက်ထားမူ.များရှိပါက သက်ဆိုင်ရာဒေသနိုင်ငံကိုယ်စားလှယ်မှ သေချာစွာတာဝန်ယူ
  လက်ခံထားရှိရန်။အသင်း၏ အသင်းဝင်းနံပါတ်ကို သေချာစိစစ် ရွေးချယ်၍ အသင်းဝင်အမှတ်နှင့်အတူ
  သက်ဆိုင်သူသို.တပါတည်း အကြောင်းပြန်ကြားပေးရန်၊
  (အချက်အလက်များအား တာဝန်ရှိသူသို. ၂၄နာရီအတွင်း မေးလ်ပို.ပေးရမည်။)
- အသင်း၏လှူဒါန်းမူ.ပြုလုပ်သည့် အခါတိုင်း ပါဝင်ဆောင်ရွက်ရမည်။
- အသင်း၏လှူဒါန်းမူ.ပြုလုပ်သည့် အခါတိုင်း မှတ်တမ်းတင်ဓာတ်ပုံအဖြစ် အနည်းဆုံး ၅ ပုံ ဓာတ်ပုံရိုက်ယူ
  ပေးပါရန်။
  (မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် ဓာတ်ပုံများအား တာဝန်ရှိသူသို. မေးလ်ပို.ပေးရမည်။)
- အလှူရှင် စာရင်းများ၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ၊ ဓာတ်ပုံများနှင့် အသင်း၏လချုပ်စာရှင်းများအား
  အသင်း၏ ၀က်ဘ်ဆိုဒ်တွင် အမြဲဖော်ပြပေးသွားမှာဖြစ်သည်။
- အသင်းတွင် ပြဿနာတစ်စုံတစ်ရာရှိပါက (သို.) နားမလည်သည့်အချက်ရှိပါက တာဝန်ရှိသူသို. တိုက်ရိုက်
  မြန်းနိုင်ပါသည်။
- '' ဆည်းလည်းလေးများ '' အွန်လိုင်းပရဟိတအသင်း ရေရှည်တည့်တံ့နိုင်ရေးအတွက် အဖွဲ.၀င်များအားလုံး
  ပါတီနိုင်ငံရေး မပြုလုပ်ရန် အထူး(အထူး) တားမြစ်ပါသည်။
- အဖွဲ.၀င်များအားလုံးသည် လစဉ် ၁၀ရက်နေ. နောက်ဆုံးထား၍ အလှူငွေများထည့်ဝင်ကြရန်ပန်ကြားအပ်
  ပါသည်။ ၁၀ ရက်နေ.ထက်နောက်ကျထည့်ဝင်လှူဒါန်းခြင်းကို မည်သည့်အကြောင်းပြချက်ဖြင့်မဆို ခွင့်ပြု
  မည်မဟုတ်ပါ။
- အကယ်၍ နောက်ကျမူ.ရှိခဲ့လျှင် ထိုအဖွဲ.၀င်အား ယာယီအဖွဲ.၀င်အဖြစ်စာရင်းသွင်းပြီး သုံးလစောင့်ကြည့်
  မည်ဖြစ်သည်။ စောင့်ကြည့်သုံးလတွင်လည်း နောက်ကျနေပါက အဖွဲ.၀င်အဖြစ်မှ ထုတ်ပယ်ပါမည်။
- အသင်းမှ အဖွဲ.၀င်များအားလုံးသည် ငွေကြေးအရှူတ်အရှင်းမရှိစေရန် ၊ အသင်း၏အလှူငွေများအား ကိုယ်
  ကျိုးအတွက် အလွဲသုံးစားမပြုလုပ်ရန် အထူးတားမြစ်ပါသည်။
- အရှူတ်အရှင်းရှိခဲ့ပါက ၎င်းအဖွဲ.၀င်အား အသင်းမှချက်ခြင်း ထုတ်ပယ်သွားမည်ဖြစ်ပြီးအဖွဲ.၀င်များအားလုံး 
  သိစေရန် မေးလ်ပို.အကြောင်းကြားခြင်း ၊ ဆိုဒ်တွင် နာမည်ဆိုးစာရင်းပြုလုပ်ပြီး ဖော်ပြခြင်း စသည့်အရေး
   ယူမူ.များ ပြုလုပ်သွားမည်ဖြစ်သည်။


No comments:

Post a Comment

အသင်းဝင်ဖောင်ဖြည့်ရန်