Wednesday 5 September 2012

ဆည်းလည်းလေးများဆိုတာ


ပရဟိတလုပ်ငန်းတွေကို လုပ်ချင်နေခဲ့တာ တော်တော်လေးကြာခဲ့ပါပြီ...လုပ်ချင်လွန်းလို. အသင်းကြီး တစ်ခုမှာ အသင်းဝင်အဖြစ်လျောက်ခဲ့သေးတယ်..အွန်လိုင်းကနေပေါ့...ဒါပေမဲ့ သူတို.ကဘာမှအကြောင်း မပြန်ဘူးဗျာ....သြော် သူတို.လဲ အသင်းရဲ.ကိစ္စတွေနဲ. ရှုတ်နေတာဖြစ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်နေ ခဲ့တယ်...နောက်တော့ online ကိုယ်တိုင် ပရဟိတအသင်းလေးထောင်မယ်ဆိုပြီး အကြိမ်ကြိမ် စဉ်းစားခဲ့ သေးတယ်...ဒါပေမဲ့ သူများအသင်းကြီးတွေလို အများကြီးမလှူနိုင်ရင် ရှက်စရာကြီးဆိုတဲ့ စိုးရိမ်တဲ့စိတ် တွေကြောင့် ခြေလှမ်းတွေတွန်.ဆုတ်ခဲ့ရတယ်...ဒါပေမဲ့ အခုတော့လဲ အဲဒီစိုးရိမ်တဲ့ စိတ်တွေကို online ရင်ထဲ မှာဖြစ်ပေါ်နေတဲ့ လှူချင်တဲ့ သဒ္ဒါစိတ်က အနိုင်ယူသွားခဲ့ပါပြီ...ဒါကြောင့် online နဲ.အတူ စိတ်ထားတူ၊ သဒ္ဒါဖြူ တဲ့ သူငယ်ချင်းတွေစုပြီး ဆည်းလည်းလေးများ အွန်လိုင်းပရဟိတအသင်း ကိုတည်ထောင်ခဲ့တာပါ...တကယ် တော့ လှူတယ်တန်းတယ်၊ ပရဟိတလုပ်ငန်းဆိုတာ နည်းတာများတာနဲ.မဆိုင်သလို၊ ဆင်းရဲတယ် ချမ်းသာ တယ်ဆိုတာနဲ.လည်းမဆိုင်ပါဘူး...online တို.ဘုရားရှင်ဟောခဲ့သလိုပါပဲ...တကယ့်လှူချင်တဲ့သဒ္ဒါစိတ်နဲ.သာ လှူပါ..ညောင်စေ့လောက်လှူသော်လည်း၊ ညောင်ပင်ကြီးလောက်ကုသိုလ်ရနိုင်ပါတယ်...ဘာပဲဖြစ်ဖြစ်ပေါ့ ..ပရဟိတအသင်းတွေထဲမှာမှ ဆည်းလည်းလေးများ အွန်လိုင်းပရဟိတအသင်း အနေဖြင့် ပြည်သူလူထုအ ပေါ်ကို အုပ်တစ်ချပ်၊ သဲတစ်ပွင့်လောက်ပဲ ပေးစွမ်းနိုင်စေကာမူ online တို.သူငယ်ချင်းတွေအားလုံး ၀မ်းသာ ပီတိဖြစ်ရပါကြောင်း.........................................................................။

ခေါင်းစီးပုံလေးရဲ.ဖော်ကျူးချက်

    ဆည်းလည်းလေးနှစ်လုံးရဲ.ပုံဟာ အသင်းကြီးတည့်တံ့ရေးအတွက် တစ်ဦးတစ်ယောက်တည်းလုပ် ဆောင်လို.မရပဲ အဖွဲ.၀င်များအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တစ်ယောက်အားဖြင့် မစွမ်းသာ ၀ိုင်းဝန်းကူညီပါ ဆိုတဲ့စကားပုံလေးကို online ကဆည်းလည်းလေးနှစ်လုံးနဲ.ဖော်ကြူးထားတာပါ .. ဆည်းလည်းလေးနှစ်လုံးရဲ.အပေါ်က အစိမ်းရောင်ဖဲကြိုးလေးကတော့ အစိမ်းရောင်ဆိုတာ စိမ်းလန်းစိုပြေ တဲ့ဥပမာပါ...ဖဲကြိုးဆိုတာက ဂုဏ်ပြုတဲ့နေရာ၊ လက်ဆောင်ပေးတဲ့နေရာမှာ သုံးတဲ့အရာပစ္စည်းတစ်ခုပါ... ဒါကြောင့် ဆည်းလည်းလေးများအသင်းရဲ.အားထုတ်ကြိုးပမ်းမူ.ကြောင့် စိမ်းလန်းစိုပြေလာမဲ့ ပြည်သူလူထု ရယ်၊ ပြည်သူလူထုက ပေးအပ်ချီးမြှင့်မဲ့ ချီးမွမ်းသြဘာသံတွေကို အစိမ်းရောင်ဖဲကြိုးလေးအဖြစ် online က စိတ်ကူးပုံဖော်ထားတာပါ...ညာဖက်အခြမ်းမှာတွေ.ရမဲ့ ပန်းရောင်ဆည်းလည်းလေး ခုနှစ်လုံးကတော့  ပန်း ရောင်ဆိုတာ နူးညံ့သိမ်မွေ.တဲ့အရာပါ...ဆည်းလည်းလေးခုနှစ်လုံးကတော့ ခုနှစ်ရက်သားသမီးတွေကို  ကိုယ်စားပြုတာပါ...ခုနှစ်ရက်သားသမီးတွေနူးညံ့သိမ်မွေ.သာသာယာယာ ရှိပါစေပေါ့...ညာဘက်ထောင့်မှာ ရှိနေတဲ့ S ဆိုတဲ့စာလုံးကတော့ ဆည်းလည်းလေးများအွန်လိုင်းပရဟိတအသင်းရဲ. logo လေးပါ...logo လေး ကိုလဲ အစိမ်းရောင်နဲ.အဖြူရောင်စပ်ထားတဲ့အတွက် စိမ်းလန်းစိုပြေခြင်း ၊ ဖြူစင်သန်.ရှင်းခြင်း လို.ဖွင့်ဆို ထားတာပါ...

ရည်ရွယ်ချက်

မရှိဆင်းရဲသားပြည်သူလူထုနှင့် မိဘမဲ့နေသောကလေးသူငယ်များ၊ ရောဂါရှိနေ၍ မည်သူကမှအပေါင်းအ
သင်းမလုပ်ချင်၊မကူညီချင်ဟု တွေးထင်၍ စိတ်အားငယ်နေသော အေအိုင်ဒီအက်စ်ရောဂါသည်များ၊ 
ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ၊ သာသနာ.အကျိုးကို ထမ်းဆောင်ပြီးနာမကျန်းဖြစ်နေသော သံဃာ့
ဒါနဆေးရုံမှ သံဃာတော်များ၊ အများကောင်းကျိုးအတွက်အခမဲ့ဝန်ဆောင်မူ.ဖြင့်ကုသိုလ်ပြုနေသော နာရေး
ကူညီမူ.အသင်း စသည်အဖွဲ.အစည်းများသို. ဆည်းလည်းလေးများ အွန်လိုင်းပရဟိတအသင်း အနေဖြင့်

အုတ်တစ်ချပ်၊သဲတစ်ပွင့်ပဲ ကူညီခွင့်ရပါစေ တတ်နိုင်သောဒါနစွမ်းအားလေးဖြင့် လှူဒါန်းလိုချင်စိတ်တစ်ခု
တည်းပါ....

အသင်း၏ရည်မှန်းထားသော လုပ်ဆောင်မည့်လမ်းစဉ်


၁။ ပုံမှန်လုပ်ဆာင်ချက်
  ၁- သံဃာ့ဒါနဆေးရုံ
  ၂- ဘိုးဘွားရိပ်သာ
  ၃- နာရေးကူညီမူ.အသင်း
  ၄- မိဘမဲ့ကလေးများ
  ၅- အေအိုင်ဒီအက်စ် ရောဂါသည်များ
၂။ အရေးပေါ်လုပ်ဆောင်ချက် 
   ( သဘာဝဘေးအန္တရယ် ကြောင့်ဒုက္ခရောက်နေသူများ၊ မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေရင်း မတော်
     တဆ သေဆုံးသွားသော ရွှေမြန်မာများ)   

No comments:

Post a Comment

အသင်းဝင်ဖောင်ဖြည့်ရန်