Showing posts with label ဖိတ်ခေါ်ခြင်း. Show all posts
Showing posts with label ဖိတ်ခေါ်ခြင်း. Show all posts

Thursday, 22 August 2013

အလှူရှင်များအားဖိတ်ခေါ်ခြင်း

ဆည်းလည်းလေးများ အွန်လိုင်းပရဟိတအသင်းအား ပြန်လည်ပြုပြင်ဖွဲ.စည်းမည်ဖြစ်ပါသောကြောင့် အသင်းတွင် မန်ဘာဝင်လိုသော သူငယ်ချင်းများအနေဖြင့် online မင်းသားထံသို. မေးလ်ပို.၍ဖြစ်စေ၊
အသင်းဝက်ဘ်ဆိုဒ်တွင်ရှိသော ဖောင်တွင်ဖြည့်စွက်၍ဖြစ်စေ မန်ဘာဝင်နိုင်ပါသည်။
အသင်း၏ပြန်လည်ထူထောင်ချိန်တွင် ပထမဦးဆုံးခြေလှမ်းအဖြစ် ဧရာဝတီတိုင်း၊ မြန်အောင်မြို.နယ်၊ ကနောင်မြို.၊အိုးဘိုကျေးရွာအတွင်းတွင် တည်ရှိသော နှစ်ပေါင်း (၇၀)ကျော်ကြာမြင့်နေသည့် အ.မ.က အိုးဘို
မူလတန်းကျောင်းအား ယခုအခါ နိုင်ငံတော်မှ မူလတန်းလွန်ကျောင်းအဖြစ်တိုးမြှင့်လိုက်သည့်အတွက် တိုးတက်များပြားလာသော ကျောင်းသား/သူ ဦးရေကြောင့် ကျောင်းတော်ကြီးမှာ အလွန်ကျဉ်မြောင်း၍ ကလေးငယ်များ ပညာသင်ကြားရန်အတွက် နေရာအခက်အခဲ အလွန်ဖြစ်နေပါသည်။ ကျောင်းဝန်းအတွင်းရှိ
ပိတောက်ပင်အောက်တွင် အဆင့်ပြုလုပ်၍စာသင်ရခြင်း၊ ကျောင်းဝန်းပြင်ပလှည်းလမ်းဘေးတွင် ယာယီ
ကျောင်းဆောင်ပြုလုပ်၍ စာသင်ရခြင်း၊ အိုးဘိုဘုန်းတော်ကြီးကျောင်းဘေးရှိ ပရိတ်ကျောင်းတွင် လာရောက်
စာသင်နေရခြင်းများ ပြုလုပ်နေရသည့်အတွက် ကျောင်းသား/သူများအတွက် အလွန်အခက်အခဲဖြစ်ရပါ
သည်။ထို.အတွက်ကြောင့်အိုးဘိုဘုန်းတော်ကြီးကျောင်းပဓာနနာယကဆရာတော်မှ၎င်းပိုင်ဆိုင်သော
 မြေကွက်အားကျောင်းသား/သူများပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းဆောင်သစ်ထပ်မံဆောက်
လုပ်ရန် သက်ဆိုင်ရာ သံဃာ့နာယက ဆရာတော်များ၏ထောက်ခံချက်ဖြင့် တရားဝင်လှူဒါန်းပြီးဖြစ်ပါသည်။
ထိုသို. မြေကွက်လှူဒါန်းထားသော်လည်း ၄င်းမြေကွက်ပေါ်တွင် ကျောင်းဆောက်သစ်ဆောက်လုပ်နိုင်ရန်အ
တွက်မှာ ပြည်တွင်း/ပ မှအလှူရှင် စေတနာရှင်များ များစွာလိုအပ်နေပါသည်။ ထို.ကြောင့် အိုးဘိုဘုန်းတော်
ကြီးကျောင်း ပဓာန နာယက ဆရာတော်အလွန်ပင်စိတ်အားထက်သန်နေသော ၄င်းမူကြိုလွန်ကျောင်း
ဆောင်သစ်ဆောက်လုပ်နိုင်ရေးအတွက် အလှူရှင်များနှင့်စေတနာရှင်များအား ဖိတ်ခေါ်အပ်ပါသည်။
အောက်တွင် ၄င်းကျောင်းဆောင်သစ်ဆောက်လုပ်ရေးအတွက် သက်ဆိုင်ရာစာရွက်စာတမ်းများနှင့် ဓာတ်ပုံ
များအား တပါတည်း ပူးတွဲဖော်ပြထားပါသည်။
(ဓာတ်ပုံများအား ပူးတွဲဖော်ပြခြင်းသော်လည်း ကွန်နက်ရှင်အခက်အခဲကြောင့် သက်ဆိုင်ရာလင့်ခ်များတွင်
သာ ကလစ်နှိပ်၍ ကြည့်ပေးကြပါရန်.....)

ဆက်သွယ်ရန်- online မင်းသား
                         09-425286601
                         online.actor1500@gmail.com

အသင်းဝင်ဖောင်ဖြည့်ရန်